အင်တာနက်လွတ်လပ်မှုသဘော Net neutrality အကြောင်း

ကနေ့ကာလရဲ့ နည်းပညာနဲ့ဆက်သွယ်ရေးကဏ္ဍ communictions sector မှာ မူဝါဒရေးရာနဲ့ပတ်သက်လို့ အငြင်းအခုံအဖြစ်ရဆုံး ဝေါဟာရဟာ net neutrality ဆိုတဲ့ စကားစုဖြစ်လို့လာနေပါတယ်။
Net neutrality ဆိုတဲ့ဝေါဟာရမှာ net ကတော့ “အင်တာနက်ကွန်ရက်ကြီး” တစ်ခုလုံးကိုရည်ညွှန်းတာဖြစ်ပြီး၊ neutrality ဆိုတာကိုတော့ “ဘက်မလိုက်မှု၊ ကြားနေမှု” စတဲ့ အနက်သဘောတွေနဲ့သုံးကြတာပါ။ ဒီစကားစုကို “အင်တာနက်ကြားနေမှု” လို့လည်း ဟိုတစ်ပတ်က အင်တာနက်ဆောင်းပါးတစ်စောင်မှာ စမ်းသပ်ပြန်ဆိုသုံးစွဲခဲ့ပါသေးတယ်။ ဒါပေမယ့် စာဖတ်ပရိသတ်ကို အရည်လည်၊ သဘောပေါက်ဖို့ ခက်နေဦးမှာပါ။ ဒါကြောင့်ဒီအင်တာဗျူးမှာတော့ net neutrality ဆိုတာကို လက်ရှိအင်တာနက်အရေးအသားများပေါ်မှာ သုံးစွဲနေတဲ့အနက်ရင်းနဲ့ နီးစပ်မှုအရှိဆုံးဖြစ်အောင်၊ “အင်တာနက်လွတ်လပ်မှုသဘော” လို့ ပြန်ဆိုလိုက်ပါတယ်။ ယခုဖော်ပြမယ့် အမေးအဖြေတွေကတော့ net neutrality ဆိုတာဘာလဲဆိုတဲ့ မေးခွန်းနဲ့စထားတယ်။ Google Verizon တို့ရဲ့မကြာမီက ပူးတွဲအဆိုပြချက် ပေါ်လစီချမှတ်သူခေါင်းဆောင်များအတွက် အင်တာနက်ကို ထိန်းချုပ်ဖို့ကိစ္စပါဝင်သလို၊ AT & T, Comcast, Verizon တို့လို service provider ကုမ္ပဏီကြီးတွေနဲ့ အင်တာနက်ကွန်ရက်ရဲ့ အတားအဆီးမရှိ လွတ်လပ်မှုပင်ကိုယ်သဘောထားကို ထိန်းသိမ်းချင်တဲ့ လစ်ဘရယ်အုပ်စုများရဲ့အငြင်းအခုံတွေကိုပါ ရောင်ပြန်ဟပ်ထားပါတယ်။

Q Net neutrality ဆိုတာ ဘာလဲ။ 
A ဒီဝေါဟာရရဲ့အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းဖွင့်ဆို ဖော်ပြကြတာတော့မရှိသေးဘူး။ ဒါပေမယ့် လူတော်တော်များများအတွက်ကတော့ ဒီဝေါဟာရရဲ့အဓိပ္ပာယ်က “အင်တာနက်အသုံးပြုသူတွေဟာ Web ပေါ်က service နဲ့ content တွေကိုအကန့်အသတ်မူမရှိဘဲ ချိတ်ဆက်သုံးစွဲနိုင်တယ်၊ သုံးသင့်တယ်” လို့ပဲ ရိုးရိုးအဓိပ္ပာယ်ထွက်တယ်။ တခြားနည်းနဲ့ပြောရရင်တော့ broadband service provider တွေကို အင်တာနက်ဆက်သွယ်မှုကိုနှေးအောင်လုပ်ခွင့်ပေးတာ တစ်ချို့သော content တွေကို ပိတ်ဆို့ (block) လုပ်တာမျိုးကို ခွင့်မပြုသင့်ဘူးလို့ဆိုတာပါ။ (အမေးအဖြေကအရေးကြီးလို့ မူရင်းကိုပါ တွဲလျက်ဖော်ပြပါရစေ။ ဘာသာပြန်သူ) Q Whar is Net neutrality? A There is no clear definition of the phrase "Net neutrality". But to most people it simply means that Internet users should be able to have unfettered access to content and services on the web. In other words, broadband service providers should not be allowed to monkey with the traffic to block certain content or slow it down.

Q အင်တာနက်ကို ပွင့်လင်းလွတ်လပ်အောင် open ဖြစ်အောင် ထိန်းသိမ်းပေးထားတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ မရှိဘူးလား။ 
A မရှိပါ။ Broadband provider တွေကို သူတို့ရဲ့ network တွေပေါ်မှာ ဘာလုပ်နိုင်၊ ဘာမလုပ်နိုင်ဘူးဆိုတာကို သီးသန့်ပြောထား၊ ရေးထားတဲ့ ဥပဒေသို့မဟုတ် အရေးယူဆောင်ရွက်နိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ တစ်ခါမှမရှိခဲ့ပါဘူး။ တစ်ချို့ဥပဒေတွေကတော့ အဆိုပြုထားတုန်း၊ ဒါပေမယ့် အားလုံးကလည်း ဒီအဆင့်မှာပဲ ပျက်ကုန်တာပါ။ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) ကတော့ Net neutrality principle ဆိုပြီး ရေးထားတာတွေရှိတယ်။ ဒါပေမယ့် အဲဒါတွေကလည်း တရားဝင်စည်းမျဉ်းတွေရယ်တော့ မဟုတ်ပါဘူး။ FCC ဟာယခုတော့ အခိုင်အမာဆောင်ရွက်နိုင်၊ အရေးယူပြဌာန်းနိုင်တဲ့ တရားဝင်ချမှတ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေ ရေးဆွဲဖို့လုပ်နေပါတယ်။

Q Net neutrality အငြင်းအခုံကိစ္စထဲမှာ Googleနဲ့ Verizon တို့ ဘာကြောင့်ပါဝင်နေတာလဲ။ 
A Google နဲ့ Versizon တို့ဟာ FCC နဲ့ ဥပဒေပြုအမတ်တွေဆီမှာ အဆိုပြုချက်ဥပဒေကြမ်း proposal တစ်ခုရှိခဲ့ပါတယ်။ ဒါဟာ အဆိုပြုချက်သက်သက်ပါပဲ။ FCC အာဏာပိုင်တွေနဲ့ ဥပဒေပြုအမတ်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဥပဒေကြမ်းတရပ်ဆွဲနိုင်ဖို့ သူတို့ရဲ့အဆိုပြုတောင်းဆိုချက်တွေကို ထည့်သွင်းစဉ်းစားမလား၊ မစဉ်းစားဘူးလားဆိုတာ ဆုံးဖြတ်ရမှာပါ။ Google နဲ့ Verizon Service provider တွေဟာသူတို့ရဲ့ network တွေပေါ်မှာလည်ပတ်နေတဲ့ အချို့သော appliction တွေအတွက် အပိုဝန်ဆောင်ခကောက်ခံမလား၊ မကောက်ခံဘူးလားဆိုတာပါ။ ၀ိုင်ယာလက်စ်ကွန်ရက် တွေကို Net neutrality စည်းမျဉ်းကနေ ဖယ်ထုတ်သင့်၊ မသင့်ဆိုတာပါ။

Q ဒါဆို ဘာဥပဒေမှ လောလောဆယ်မရှိသေးဘူးဆိုရင်၊ လက်ရှိကျွန်တော်တို့သုံးနေတဲ့ အင်တာနက်ဆိုတာ မလွတ်လပ်ဘူးဆိုတဲ့သဘောလား။ 
A ဒါလည်း “လွတ်လပ်တယ်” ဆိုတာကို ခင်ဗျားဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ စားသုံးသူအများစုကတော့ သူတို့မှာ ဘာပြဿနာမှမရှိဘူးပြောကြတယ်။ သူတို့ရဲ့ broadband နှေးအောင်လုပ်တာ သို့မဟုတ် ပိတ်ဆို့ (block) တာ မရှိကြပါဘူး။ သူတို့ဟာအင်တာနက်ပေါ်မှာ လွတ်လပ်စွာသွားနိုင်ပြီး မည်သည့် အင်တာနက်အသုံးပြုရတဲ့ application ကိုမဆို သူတို့ရဲ့ broadband connection တွေပေါ်မှာ လွတ်လပ်စွာသုံးနိုင်ကြပါတယ်။ ဗီဒီယိုတွေကြည့်နိုင်တယ်။ Skype လို third party ကြည့်ရင်တော့ net ဆိုတာလွတ်လပ်တယ်ပေါ့။ ဒါပေမယ့်ဒါက service provider တွေဟာ အင်တာနက် traffic ကို မစီမံမခန့်ခွဲဘူး။ ဦးစားပေးမလုပ်ဆောင်ဘူးလို့ ဆိုလိုတာတော့မဟုတ်ဘူး။ Broadband service provider တွေဟာ မြေပေါ်မှာဖိုင်ဘာလိုင်း၊ ကြေးနန်းလိုင်းတွေကနေ သို့မဟုတ် လေလှိုင်းကနေစသဖြင့် ဘယ်လိုပဲ service ပေးနေသည်ဖြစ်ပါစေ၊ သူတို့ဟာ ကိုယ့်ရဲ့ network တွေကိုစီမံနိုင်ရပါမယ်။ အင်တာနက်ပေါ်မှာ information တွေကို သယ်ဆောင်ပို့ပေးခြင်းနဲ့ပတ်သက်လို့ အသုံးပြုနေတဲ့ Internet Protocol ဆိုတာဟာလည်း အကောင်းဆုံး အားထုတ်မှုတစ်ခုပါပဲ။ ၎င်းက network တလျှောက်မှာ information packet တွေကိုပို့ပေးတယ်။ ဒီ information တွေအားလုံးဟာလည်း Speed အမျိုးမျိုး၊ တစ်ခါတစ်လေ လမ်းကြောင်းအမျိုးမျိုးနဲ့ သွားနေပါတယ်။ ဒီ packet အမျိုးမျိုးဟာလည်း သူတို့ရဲ့ပန်းတိုင်နေရာကိုရောက်ရင် ပြန်စုစည်းရတယ်။ ဒါဟာ network ရင်းမြစ်တွေအတွက် အလွန်ထိရောက်တဲ့ အသုံးပြုမှုပါ။ ဒါပေမယ့် ဟိုင်းဝေးလမ်းတွေပေါ်သွားနေတဲ့ ကားတွေလိုပေါ့။ တစ်ချို့ packet တွေဟာလည်း သွားနေစဉ်မှာ ပိတ်ဆို့မှုဖြစ်တာတွေ ကြုံရတတ်ပါတယ်။ လူတွေကတော့ text-based packet တွေနှောင့်နှေးတာကို သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့် အဲဒါတွေမှာ အချိန်သတ်မှတ်ချက်နဲ့ သွားရတဲ့ဒေတာတွေဖြစ်ကြတဲ့ Voice call လို့၊ Vidoe Stream လုပ်တာမျိုးတွေလိုပါတယ်ဆိုရင် နှေးကွေးတာ၊ ပိတ်ဆို့မှုဖြစ်နေတာကို ကြုံရမှာပါ။ ဒီတော့ ဒေတာတွေစီးဆင်းနေမှုအားလုံးကို အချိန်မီ စနစ်တကျသွားလာနေစေဖို့ network operator တွေဟာ စီခံခန့်ခွဲမှုနည်းတွေနဲ့ တက္ကနိုလိုဂျီတွေကို ကားလမ်းတွေမှာ လမ်းပြရဲတွေကအဆင်ပြေအောင်လုပ်ပေးသလိုမျိုး လုပ်ဆောင်ပေးရပါတယ်။ Network operator တွေဟာ ဒီတက္ကနိုလိုဂျီတွေကို သုံးလာတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ သူတို့ရဲ့ network တွေမှာပိတ်ဆို့မှု traffic တွေများလာလေ traffic management နည်းလမ်းတွေပါသုံးပြီး ဖြေရှင်းပေးရလေပါပဲ။ AT & T နဲ့ Verizon လိုကုမ္ပဏီမျိုးတွေက ပြောနေတာကလည်း သူတို့ရဲ့ network တွေကိုထိန်းချုပ်ဖို့ဆိုတာဟာ subscriber တွေအားလုံးအတွက် အဲဒီလို traffic တွေမကြုံအောင် စနစ်တကျစီမံနိုင်ရေးပါ။

Q ဒါဆို အင်တာနက်လွတ်လပ်မှုသဘော Net neutrality ကိုထောက်ခံသူတွေက ဘာတွေကို ကြောက်နေတာလဲ။ 
A ဒါနဲ့ပတ်သက်လို့ ပုံစံကျဥပဒေစည်းမျဉ်းတွေမရှိဘဲ broadband provider တွေက သူတို့ရဲ့ စွမ်းအားကို မတရားအသုံးချကြမှာ ကြောက်ကြလို့ပါ။ Traffic ဖြစ်နေတာတွေကို ထိန်းချုပ်ဖို့အတွက် သူတို့ရဲ့ management technique တွေကိုသုံးရမယ့်အစား၊ net ပေါ်မှာ ပြိုင်ဘက် provider တွေရဲ့ serviceတွေကို သုံးနေတဲ့ user တွေရဲ့ connection တွေကို နှောင့်နှေးအောင်လုပ်မှာစိုးလို့ပါ။ ဥပမာပြောရရင် ခင်ဗျားရဲ့ broadband provider က video service ပေးနေတယ်ဆိုပါတော့။ ဒါဆိုရင် ခင်ဗျားရဲ့ကုမ္ပဏီက network ပေါ်မှာတော့ ပြိုင်ဖက်ကုမ္ပဏီရဲ့ video service ထက်ခင်ဗျားအတွက် service ကိုပဲ ဦးတည်ပေးဖို့ ကြိုးစားကောင်းကြိုးစားတော့မှာပဲ။ ဒီလိုဖြစ်တာနဲ့ အဲဒီပြိုင်ဘက်ကုမ္ပဏီရဲ့ service ဟာလည်း နှောင့်နှေးသွားပြီး၊ ခင်ဗျားကုမ္ပဏီအတွက်ပဲ ပိုကောင်းတော့မှာပေါ့။ နောက်ထပ်ကြောက်ကြတာတစ်ခုကတော့ broadband service provider တွေဟာ content နဲ့ application developer တွေနဲ့ပူးပေါင်းပြီး စာချုပ်ချုပ်ဆိုမှာ၊ netbased service အင်တာနက်အခြေခံဝန်ဆောင်မှု အားလုံးတိုင်းဟာလည်း connection ပိုကောင်းချင်ရင် ငွေပိုပေးရမယ်ဆိုတာမျိုးဖြစ်လာမှာကို ကြောက်ကြတာပါ။ ဒါဆိုရင်လူတိုင်းသုံးနိုင်တဲ့ public Internet ဟာ နှေးကွေးတဲ့၊ ဘာမှသုံးလို့မရတဲ့ content တွေပဲပေးတော့မှာပေါ့။

Q ဒါဆို net neutrality အငြင်းခုံဟာ နောက်ဆိုဘာဖြစ်လာနိုင်မလဲ။ 
A နိုဝင်ဘာမှာ အမေရိကန်ကွန်ရက်ရွေးကောက်ပွဲတွေရှိတာမို့ အဲဒီမတိုင်ခင်တော့ ဘာမှဖြစ်ဦးမှာမဟုတ်ပါဘူး။ လောလောဆယ်မှာတော့ FCC ရော service provider တွေရော၊ ထောက်ခံသူ၊ ဆန့်ကျင်သူတွေအားလုံးဟာ ၀ိုင်ယာလတ်စ် network တွေအတွက် Net neutrality rule တွေကို သုံးသပ်ဆင်ခြင်နေရတုန်းပါ။ FCC ရဲ့ဥက္ကဌ ဂျူးလီယပ်စ်ဂီနာချောစကီးကတော့ ဒီလိုပြောထားတယ်။ “အားလုံးမြင်တဲ့အတိုင်းပါပဲ။ ကိစ္စတွေကတော့ ထွေပြားရှုပ်ထွေးပြီး၊ အသေးစိတ်ကျပါတယ်။ အရေးယူဆောင်ရွက်နိုင်မယ့် ဥပဒေတွေပြဌာန်းနိုင်ဖို့ အဆိုပြုချက်ဥပဒေကြမ်းတစ်ခုလုပ်တာတောင်မှ အားနည်းချက်ကလေးတွေရှိနေပြီး၊ လွတ်လပ်ပွင့်လင်းတဲ့ opern Internet ဖြစ်ရေး အခြေခံရည်မှန်းချက်ကို အန္တရာယ်ဖြစ်စေနိုင်တာတွေ ပါနေဆဲဖြစ်ပါတယ်။”
Source: www.myanmarinternetjournal.com

Hacker ဖြစ်ချင်လား

ဟက်ကာဖြစ်ချင်တယ်။ ဟက်ကာဆိုတာဘာလဲ… ဒီမေးခွန်းက အရမ်းကိုတွေ့ရတာများပါတယ်။ ကျွန်တော်လည်း သေချာမသိပါဘူး။ လေ့လာကြည့်တဲ့အခါ နည်းပညာပိုင်းဆိုင်ရာမှာ ကျွမ်းကျင်မှုရှိပြီးတော့ ပြသနာတွေကို ဖြေရှင်းရတာကို နှစ်သက်တဲ့သူ ကန့်သတ်ချက်တွေကို ဖြတ်ကျော်နိုင်တဲ့သူတွေကို ခေါ်တာပဲဖြစ်ပါတယ်။ ဟက်ကာဆိုတာ ကွန်ပျူတာ လောကမှာပဲရှိတာ မဟုတ်ပါဘူး… တခြားသော Science ဒါမှမဟုတ် art တစ်ခုခုမှာ အမြင့်ဆုံးအခြေအနေအထိ ကျွမ်းကျင်သူတွေကိုလည်း ဟက်ကာလို့ ပြောလို့ရပါတယ်။ ကျွန်တော်ကတော့ ကွန်ပျူတာနဲ့ ပတ်သက်တာကိုပဲ ပြောမှာပါ။ သူတို့ကိုယ်သူတို့ ဟက်ကာပါလို့ ပြောနေကြတဲ့သူတွေလည်းများစွာရှိပြန်ပါတယ်။ ဒါပေမယ့် တကယ်တော့ မဟုတ်ကြပါဘူး။ အထူးသဖြင့်တောု့ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်ပြီး… ကွန်ပျူတာစနစ်တွေကို ချိုးဖြတ်ဝင်ရောက် အတားအဆီးတွေကို ကျော်လွန်နိုင်တယ်ဆိုပြီး လေကျယ်နေကြတဲ့ ဆယ်ကျော်သက် လူငယ်အများစုပါ။ တကယ့် ဟက်ကာ အစစ်တွေကတော့ သူတို့ကို ကရက်ကာ(crackers) လို့ခေါ်ကြပါတယ်… တကယ်တော့သူတို့က ဘာမှအထင်ကြီးစရာ မရှိပါဘူး…။ တကယ့် ဟက်ကာအစစ်တွေကတော့ အဲဒီကရက်ကာတွေဟာ ပျင်းရိတဲ့သူတွေ၊ တာဝန် မယူတတ်တဲ့သူတွေ၊ ဥာဏ်မကောင်းတဲ့သူတွေလို့ပဲ တွေးကြပါတယ်… security တွေကို ချိုးဖောက်ကျော်လွန်ပြီး ၀င်ရောက်နိုင်ယုံနဲ့တော့ ဟက်ကာ မဟုတ်ပါဘူး… ။ ဒါပေမယ့် ၀မ်းနည်းစရာက စာရေးဆရာတွေ ဂျာနယ်လစ်တွေက ဟက်ကာဆိုတဲ့ စာလုံးကို သုံးပြီးတော့ပဲ အဲဒီခရက်ကာတွေအကြောင်းကို တွင်တွင်ကြီး ဖော်ပြနေတော့တာပါပဲ။ အဲဒီအတွက်တော့ ဟက်ကာအစစ်တိုင်းက စိတ်ပျက်ကြရပါတယ်။ သူတို့ကြားက အခြေခံခြားနားမှုကတော့ ကွန်ပျူတာ ပရော်ဖက်ရှင်နယ်အများစုနားလည် ထားကြသလိုပါပဲ… hackers build things, crackers break them ပါပဲ….။

ဟက်ကာဖြစ်ချင်ရင်ဘာလုပ်ရမလဲ… အဓိကအဖြေကတော့ စာဖတ်ပါ… များများဖတ်ပါ။ ဟက်ကာတယောက်ထားရှိတဲ့ သဘောထားတွေကိုပြောချင်ပါတယ်…။ ပြသနာတွေကို ဖြေရှင်းပြီး.. အသစ်အသစ်တွေ ဖန်တီးတယ်။ တည်ဆောက်တဲ့ သူတွေကမှာသာ ဟက်ကာတွေပါ။ အင်တာနတ်ကို ဖန်တီးခဲ့တဲ့သူတွေ.. Operating System ကို ဖန်တီးခဲ့တဲ့သူတွေ… world wide web ကို သက်ဝင်လှုပ်ရှားလာအောင် လုပ်ခဲ့သူတွေက ဟက်ကာတွေပေါ့။ ဟက်ကာတွေက လွတ်လပ်မှုနဲ့ အပြန်အလှန်ကူညီမှုတွေပေါ်မှာ ပျော်မွေ့တဲ့သူမျိုးတွေပါ။ ဟက်ကာဖြစ်ချင်ရင်တော့ အဲဒီစိတ်ဓာတ်မျိုးရှိဖို့လိုပါပြီ။ တကယ် ရှိလာဖို့ကတော့ တကယ်လုပ်ရတော့မှာပေါ့…။ဆရာကြီးဖြစ်ချင်ရင် ဆရာကြီးတွေရဲ့စိတ်ထားကို အတုခိုးရမှာပေါ့…။ ပညာရပ်ပိုင်းမှာသာမကပဲ စိတ်ပိုင်းဆိုင်ရာလည်း လိုအပ်ပါတယ်။ အောက်ကကဗျာလေးအတိုင်းပါပဲ။

To follow the path:
look to the master,
follow the master,
walk with the master,
see through the master,
become the master.

ဒါကြောင့် ဟက်ကာဖြစ်ချင်ရင် အဲဒီအတိုင်း သင်ယုံကြည်လာတဲ့အချိန်အထိ ထပ်ခါထပ်ခါ ကြိုးစားပေါ့။
ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးက ဖြေရှင်းခံရဖို့ စောင့်ဆိုင်းနေတဲ့ စိတ်ဝင်စားစရာ ပြသနာတွေနဲ့ နေ့တိုင်း ပြည့်နှက်နေ ပါတယ်။ ဟက်ကာတယောက် ဖြစ်ရတာတော့ အရမ်းပျော်စရာကောင်းပါတယ်… ဒါပေမယ့် အဲဒီပျော်စရာတွေရဖို့ ကြီးမားတဲ့ကြိုးစားအားထုတ်မှုတွေ လုပ်ကြရပါတယ်။ ဟက်ကာဖြစ်ဖို့အတွက် ပြသနာတွေဖြေရှင်းရတာကို ပီတိဖြစ်တတ်ရမယ်။ ကိုယ့်ကိုယ်ကိုယ်အမြဲတမ်း ချွန်မျှနေအောင် သွေးနေရမယ် ကိုယ့်ပညာကိုအမြဲတမ်း လေ့လာနေရပါမယ်။ သင့်အနေနဲ့ ပုံမှန်အားဖြင့်ဒီလို စိတ်ခံစားချက်မျိုး ရှိမနေဘူးဆိုရင်တော့ တော်တော်ကြိုးစားယူရဦးမှာပေါ့။ သင်တခုခုလုပ်တဲ့အခါ လေ့လာတဲ့အခါမှာပဲဖြစ်ဖြစ် ယုံကြည်မှုတခုကို ထားရှိဖို့တော့ လိုပါလိမ့်မယ်။ သင်ပြသနာတ ခုကိုဖြေရှင်းတော့မယ်ဆိုရင် အဲဒါနဲ့ပတ်သတ်ပြီးအားလုံးကိုတော့သင်သိထားဖို့မဖြစ်နိုင်ပါဘူး.. တစ်စိတ်တစ်ပိုင်းတော့သင်သိပါလိမ့်မယ်… အဲဒီတစ်ပိုင်းလေးကနေဆက်ပြီးလေ့လာ..လေ့လာရင်းနဲ့ တစ်ပိုင်းပြီးတစ်ပိုင်းပိုပြီး နားလည်လာ.. နောက်ဆုံးမှာတော့ အောင်မြင်သွားမှာပါ။

ဘယ်ပြသနာကိုမဆို နှစ်ခါဖြေရှင်းဖို့ အကြောင်းကို မရှိပါဘူး။  နားမလည်တော့ဘူးလား..။ ကျွန်တော်တို့ရဲ့ အချိန်တွေ ကျွန်တော်တို့ရဲ့ ဦးနှောက်တွေက အရမ်းတန်ဖိုးရှိတာပါ။ လုပ်ပြီးသား ကိစ္စတခုအတွက် အချိန်ထပ်အကုန်ခံရတယ်။ ပြသနာအသစ်တွေ စောင့်နေတာကို အဟောင်းတွေကိုပဲ ထပ်ဖြေရှင်းမနေသင့်ဘူးလေ။ ဟက်ကာတွေ စဉ်းစားနေရတဲ့အချိန်က အရမ်းအဖိုးတန်တဲ့အတွက် သင်က ဟက်ကာဆိုရင် သင်သိတာတွေ မျှဝေပေးသင့်ပါတယ် သင်သိတဲ့ solution တွေကို တခြားဟက်ကာတွေကို ဖွင့်ပြပေးရင် ကောင်းမှာပါ။ ဒါမှ သူတို့တွေလည်း တခြားအသစ်အသစ်တွေ ဖြေရှင်းနိုင်တာပေါ့။ တခုတော့ရှိတာပေါ့… ပြသနာတခုအတွက် အဖြေဆိုတာ တခါတရံမှာ တခုထက်မကလည်း ရှိနိုင်တယ်နော။

ဟက်ကာ(ပြောရရင်တော့ Creative people တွေပေါ့)သူတို့တွေက လွတ်လပ်မှု (Freedom) ကို နှစ်သက်ပါတယ်။ သူတို့အပေါ်မှာ authority လာပြတာကို ယေဘူယျအားဖြင့် မနှစ်သက်ကြပါဘူး… ချူပ်ချယ်မှုတွေကို မုန်းတီးပါတယ်။ သူတို့က အတူတကွ ပူးပေါင်းလုပ်ဆောင်ရတာကိုတော့ နှစ်သက်ကြတဲ့ သူတွေပါ။ အဲဒီ စိတ်ထားမျိုးလေးလည်း ရှိရပါမယ်။ အထက်က စိတ်ထားမျိုးတွေ အမူအကျင့်တွေ ရှိပြီးရင်တောင်မှ ဟက်ကာ မဖြစ်သေးပြန်ပါဘူ။ ဟက်ကာဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့ ပညာရပ်မှာ ကျွမ်းကျင်မှု၊ များများလေ့ကျင့်မှု၊ အသေအချာ အာရုံစူးစိုက်မှု၊ အလုပ်ကြိုးစားမှုတွေလည်း လိုအပ်ပါသေးတယ်။

Attitude တွေက အရေးကြီးတာ မှန်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ Skills က ပိုအရေးကြီးပြန်ပါတယ်။ တခြားသူတယောက်က သင့်ကို ဟက်ကာတယောက်လို့ ခေါ်စေဖို့ သက်မှတ် လာစေဖို့အတွက် အရင်ဆုံးသင်လုပ်ရဦးမဲ့ အခြေခံအကြောင်းအရာလေးတွေ ပြောချင်ပါတယ်။ အရင်ဦးဆုံးတော့ Learn How to Program ပါ။ ဒါကဟက်ကင်းမှာတော့ အခြေခံအကျဆုံးပါပဲ။ programming language တခုမှ မသိပဲနဲ့တော့ ဘယ်လို ဟက်ကာဖြစ်ပါ့မလဲနော့်။ ရှိရင်တော့ ကျွန်တော်လည်း မသိဘူး.. ။ ဘာ language မှ သင်မတတ်သေးဘူး ဆိုရင်တော့ Python ကို စလေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ အကောင်းဆုံး ပထမဆုံး လေ့လာသင့်တဲ့ language တခုလို့ သေချာမပြောနိုင်ပေမယ့် beginner တွေအတွက် သင့်တော်သလို powerful လဲဖြစ်ပါတယ်.. ပရောဂျက် ကြီးကြီးမားမားကြီးတွေလည်း သူ့ကိုသုံးပြီးလုပ်နိုင်တာ လုပ်နေကြတာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ C ပါ C++ ပဲဖြစ်ဖြစ်ပေါ့ ။ သင်တခုခုကို ကျွမ်းကျင်ရင် နောက်တစ်ခုဆိုတာ အရမ်းလွယ်သွားပါပြီ။ ဘယ်အရာမှတော့ စလုပ်ရင် လွယ်တယ်လို့ မရှိပါဘူး။ ဟက်ကာတွေအတွက် အရေးကြီးတဲ့ နောက်ထပ် language တွေကတော့ Perl နဲ့ Lisp တို့ပါပဲ။ မရေးနိုင်ရင်တောင် ဖတ်နိုင်ဖို့တော့လိုပါလိမ့်မယ်။ တကယ်တော့ အားလုံး လေ့လာတာကတော့ အကောင်းဆုံးပါပဲ။ programming ကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ချည်းကပ်တာပေါ့ ။

အဲဒါအားလုံးက သင့်အတွက် အကျိုးဖြစ်စေမှာပါပဲ။ Hacker တယောက်ရဲ့ skill level ကို language တတ်ယုံနဲ့လည်း မဖြစ်ဘူးနော်။ Language တွေအပေါ်မှာမှီခိုမှုမရှိဘဲ ပြသနာတွေ အပေါ်မှာ စဉ်းစားနိုင်ဖို့လည်း လိုသေးတယ်။ သိပြီးသား concept တွေကို ဆက်စပ်တွေးခေါ်နိုင်ပြီး language တခုကို အသစ်ထပ်လေ့လာရင် ရက်အနည်းငယ်လောက်နဲ့ ရနိုင်ပြီဆိုရင်တော့ တော်တော်ဟုတ်လာပါပြီ။ ဆိုလိုချင်တာက ရှိရှိသမျှသော language တွေအားလုံးသင်တတ်တယ်ပေါ့။ ရက်အနည်းငယ်နဲ့ တခုတတ်ပြီဆိုမှတော့ ဘာကြာမှာလဲနော်။

programming language လေ့လာတယ်ဆိုတာ natural language ကိုလေ့လာသလိုပါပဲ။ အထက်က ဆရာ့ဆရာကြီးတွေ ရေးထားတာတွေကို များများဖတ် ပြီးရင် ကိုယ်ကိုယ်တိုင်နဲနဲရေး၊ နောက်ထပ်ထပ်ပြီးတော့ များများဖတ်၊ များများထပ်ရေး၊ ပိုပြီးဖတ်၊ ပိုပြီးရေး……၊ ဘယ်အချိန်ထိ လုပ်သွားရမလဲဆိုတော့ သင်ရေးတာတွေက ဈေးကွက်ဝင်တဲ့ အဆင့်အထိပေါ့။ အရင်တုန်းကတော့ coding ကောင်းကောင်းရှာဖတ်ဖို့ဆိုတာ ခက်ခဲ့ပါတယ်။ အခုတော့ မဟုတ်တော့ပါဘူး။ open source နဲ့ ပါတ်သတ်တဲ့ software တွေ ၊ Programming tools တွေ၊ operating system တွေ(အဲဒါတွေအားလုံး ဟက်ကာတွေ လုပ်ထားတာ) အများကြီးရှိနေပါပြီ။ ဟက်ကာ ဖြစ်ချင်တယ်ဆိုရင် အခုချက်ချင်း Linux ဒါမှမဟုတ် BSD-Unixes မဟုတ်ရင်လည်း OpenSolaris သင့်ကွန်ပျူတာမှာ Install လုပ်လိုက်ပါတော့။ သြော်သင်က Windows က ဘာဖြစ်လို့လည်းလို့ မေးတယ်လား… သူက binary တွေနဲ့ distribute လုပ်ထားတာလေ.. code တွေမှ ဖတ်လို့မရတာ ပြင်လို့လည်း မရဘူးလေ သင်မဖြစ်မနေ Unix တခုကိုတော့ လေ့လာ ရမယ်ဆိုရင် အလွယ်ကူဆုံးအနေနဲ့ Linux ကို ကောက်ကိုင်လိုက်တော့လေ။ မပူပါနဲ့ သင်အခုသုံးနေတဲ့ Windows ကြီးနဲ့လည်း တွဲတင်ထားလို့ ရပါတယ်။ ကဲအခုချက်ချင်း Learn it , Run it နော်။ ကလိတော့နော်။ အင်တာနတ် ကိုလည်း အပီ မွှေနှောက်တော့နော်… code တွေကိုဖတ် ပြီးရင်ပြန်ပြင်ရမယ် နော်.. ။ သင်ပျော်မွေ့လာမှာပါ… အသိပညာ ဗဟုသုတအသစ်တွေကို အရသာခံပြီးတော့ လေ့လာသင်ယူလိုက်စမ်းပါ..။ တခါတည်းပြောပြလိုက်မယ်နော်.. Beginner တွေအတွက် အသင့်တော်ဆုံးကတော့ Ubuntu ဖြစ်လာနေပြီ… ကြုံတွေ့ရမယ့် ပြသနာတွေအတွက်လဲမပူပါနဲ့ သင့်ကို ကူညီမယ့်သူတွေ အများကြီးရှိနေတယ်လေ။ အားလုံး အဆင်ပြေရစေမယ်။ ဟုတ်ပပြီ ဟက်ကာ ဖြစ်ချင်သူတွေအတွက် နောက်ထပ် လေ့လာစရာတခုကတော့ World Wide Web ကြီးပေါ့။ Browser တစ်ခုခုကို သုံးတတ်ရမယ်နော် (အဲဒါကလူတိုင်းလုပ်တတ်တယ်)၊ HTML ရေးတတ်ဖို့တော့ အရင်လေ့လာရမယ်။ ဘာ language မှ မတတ်တဲ့သူအတွက် HTML ကို စလေ့လာလိုက်ရင် သင်ယူတဲ့နေရာမှာ အလေ့အကျင့်ကောင်းတွေ ရစေမယ်။ အကူအညီ အများကြီး ဖြစ်စေမှာပါ။ သင့်ရဲ့ကိုယ်ပိုင် home page တစ်ခုကို HTML နဲ့ရေးကြည့်သင့်ပါတယ်။ ပြီးရင် XHTML ဆိုတဲ့ဆီလေးကိုကူးကြည့်။ ဒါနဲ့ဟက်ကာဖြစ်မယ်ထင်လို့လား။ Website တစ်ခုရေးနိုင်ပြီဆိုရင်တောင်မှ Hacker ဆိုတဲ့ စကားလုံးနဲ့ သင်နဲ့ အဝေးကြီးပါ.. ။ ဘာလို့လည်းဆိုတော့ Web ပေါ်မှာ website တွေများများလွန်းလို့.. ဒါပေမယ့် အများစုက ရည်ရွယ်ချက်ကောင်းကောင်းလည်းမရှိ တည်ဆောက်ထားပုံကလည်း ညံ့မှညံ့။ သင့်ရဲ့ page မှာတော့ content တွေကို ကောင်းကောင်းထည့်ရမယ်.. စိတ်ဝင်စားစရာ ကောင်းအောင်ရေးရမယ်။

ပြသနာတခု ထပ်တွေ့ပြန်ပြီ သင့်ရဲ့ English စာတတ်မြောက်မှု အဆင့်အတန်းက စကားပြောတော့မယ်။ Internet နဲ့ Hacking နယ်ပယ်ထဲမှာ English စာကပဲလွမ်းမိုးထားဆဲပါပဲ။ Hacker Community ထဲမှာ ၀င်ဆံ့ဖို့အတွက် ကောင်းမွန်တဲ့ English စာတစ်ခုကိုတော့ သင်ပိုင်ဆိုင်ဖို့လိုတာအမှန်ပါပဲ။ အဓိကအကြောင်းအရာကတော့ အသုံးပြုရတဲ့ နည်းပညာဆိုင်ရာ ဝေါဟာရတွေက English ကိုသုံးမှသာ အဆင်ပြေတာများပါတယ်။ နည်းပညာ ပိုင်းဆိုင်ရာ ဘာသာပြန်စာအုပ်တွေရှိပေမယ့် အဲဒါတွေဟာ အမှန်တကယ်တော့ စိတ်ကျေနပ်စရာ မကောင်းပါဘူး။ သူများရေးထားတဲ့ code ထဲမှာပါလာမယ့် comment တွေကို ကောင်းကောင်းနားလည်နိုင်ဖို့ဆိုတာလည်း သင် English စာတတ်မှဖြစ်မှာပေါ့။ Native English Speaker တစ်ယောက် တောင်မှ တခါတရံမှာ Hacker တစ်ယောက်ဖြစ်နိုင်ဖို့အတွက် လုံလောက်တဲ့ Language Skills ရှိမယ်လို့ ဘယ်သူမှအာမမခံနိုင်ဘူး.. သင်ဆိုရင်ရောဘယ်လိုလဲ..။ ကြိုးစားနိုင်မှာ တော်ရုံလောက်ရမယ်ထင်တယ်နော်။ သင့်ရဲ့ အရေးအသားက ညံ့မယ်။ Grammer လဲမကျဘူး.. ၊ သတ်ပုံအမှားကလည်းများမှများဆိုရင် ဘယ်ဟက်ကာ ကမှ သင့်ရေးတာကို ဖတ်ချင်စိတ်ရှိမှာ မဟုတ်ဘူးလေ.. ။ ကဲ အခုပဲ စကြိုးစားပေတော့။
 Hacker Culture ဆိုတာလည်း ရှိပါသေးတယ်။ စိတ်ဝင်စားစရာ ပြသနာတွေကိုသင်ကဖြေရှင်းမယ်။ ရလာတဲ့ သင့်ရဲ့ Solution တွေက တကယ်ကောင်းရဲ့လားဆိုတာ သင့်ရဲ့ အပေါင်းအသင်းတွေ ဆရာတွေက အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။မှတ်သားထားရမယ့်တစ်ခုက သင့်ကိုယ်သင် Hacker လို့သတ်မှတ်ထားတာဆိုရင်အဲဒါက သံသယဖြစ်စရာကောင်းပါသေးတယ်။ တခြားဟတ်ကာအစစ်တွေက သင့်ကို ဟတ်ကာ ပါလို့ အသိအမှတ်ပြုမှသာ သင်တကယ်ဖြစ်တာပါ။ သင့်ရဲ့ တတ်မြောက်မှုကို အခြားသူတွေသိဖို့ Reputation ကောင်းလာဖို့ဆိုတာ သင့်အနေနဲ့တခြားသူတွေကို ကူညီဖို့လိုပါတယ်။ Open Source Software တွေရေးကို ရေးရပါမယ်။ အဲဒါက အခြေခံအကျဆုံးပါပဲ။ သင်ရေးပြီးရင်လည်း တခြား ဟတ်ကာတွေ လေ့လာသူတွေအတွက် ပြန်အသုံးပြုနိုင်ဖို့ပဲဖြစ်ဖြစ် Soruce တွေကိုချပြရပါမယ်။ အဲဒီ Software မျိုးကို လူတွေက Free Software လို့ခေါ်တတ်ကြပါတယ်.. တကယ်တော့ Open Source Software လို့ပဲသုံးတာကောင်းပါတယ်။ ဒါပေမယ့် သမိုင်းထဲမှာတော့ 1996 ခုနှစ်ပိုင်းလောက်အထိတော့ ဟက်ကာဆိုတာ Closed Program Closed Source တွေပဲရေးသားခဲ့တာပါ။ 1997 နောက်ပိုင်းကြမှ ဒီ Culture ကပြောင်းလဲလာတာလို့ဆိုနိုင်ပါတယ်။ Hacker Community နဲ့ Open Source Developers ဆိုတာ ယနေ့ခေတ်မှာတော့ တူညီတဲ့ Culture ရှိလာနေပါပြီ။ သင်ဟာ Newbie တစ်ယောက်ဖြစ်ရင်တော့ ကူညီရေးသားခြင်းကနေအစပြုသင့်ပါတယ်။ သင်စိတ်ဝင် စားတဲ့ အပိုင်းတစ်ခုကိုရွေးပြီး လုပ်သင့်ပါတယ်။ သူ့ရဲ့ progress က Program တွေကိုကူညီစမ်းပေးမယ်။ ကူညီအမှားရှာပေးမယ်။ ကူညီပြီး modify လုပ်ပေးမယ်…အဲဒီလိုပေါ့။ အဲဒီလိုလေ့လာရင်းနဲ့ အများကြီး သင်သိလာပါလိမ့်မယ်။ နောက်တခု အရေးကြီးတယ်နော် သင့်ကို နောက်ပိုင်းမှာ ပြန်ကူညီမယ့်သူတွေနဲ့ Karma ကောင်းကောင်းဖြစ်စေမှာပါ။

စိတ်ဝင်စားစရာကောင်းပြီး အသုံးဝင်တဲ့ အချက်အလက်တွေကို လူတွေကို ပြောပြတဲ့သူ ဖြစ်ရင် ကောင်းပါတယ်။ ဥပမာ FAQs လိုဟာမျိုးတွေ သင်လုပ်သင့်ပါတယ်။ ဒါမှသင့်ကို လူတွေ ပိုလေးစားလာမှာပေါ့။ ဟက်ကာတွေမှာ ခေါင်းဆောင်ရယ်လို့ ရှိလေ့မရှိပါဘူး။ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကိုဦးစားပေးပါတယ်။
အခုကျွန်တော် Hacker Mindset အကြောင်းပြောချင်ပါတယ်။ ကွန်ပျူတာရှေ့မှာ်မရှိနေတဲ့အချိန် ဟက်ကာအများစုလုပ်လေ့ရှိတဲ့အရာတွေကိုလမ်းညွန်ချင်တာပါ။ သင်လည်းလုပ်ချင်ရင်လုပ်လို့ရတာပေါ့။ သင့်ရဲ့မိခင်ဘာသာစကားကို ကျွမ်းကျင်စွာ ရေးသားပြောဆိုနိုင်ပါစေ။ သင်သိရဲ့လား ဟက်ကာတွေက စာရေးအင်မတန်ကောင်းတဲ့သူတွေပါတဲ့။ Science Fiction တွေကို ဖတ်ပါ။ Martial-art တစ်ခုခုကိုလေ့ကျင့်ပါ။ ဟက်ကာတွေ့လေ့ကျင့်ကြတာတွေရှိတယ် ကရာတေး တိုက်ကွန်ဒို ကွန်ဖူးတွေလေ။ သေနတ်ပစ်တာလည်းကောင်းပါတယ်။ တရားဥပဒေနဲ့ ညှိမယ်နော်…. Tongue ။ တေးဂီတကို ခံစားတတ်ပါစေ။ Muscial Instrument တခုခုကို တီးတတ်ရင် ကောင်းပါတယ်။ ဒါတွေက အရမ်းကြီး အရေးမပါပေမယ့် တစုံတရာကောင်းကျိုးတော့ ပေးနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ကျဉ်းမြောင်းတဲ့ ကျွမ်းကျင်မှုတွေနဲ့ မကျေနပ်နေပါနဲ့။ ဟက်ကာအများစုက အများအမြင်မှာတော့ Programmer တွေပါပဲ။ ဒါပေမယ့် ဟက်ကာအစစ်တွေက တခြားဆက်နွယ်တဲ့ အပိုင်းတွေမှာလဲ ကျွမ်းကျင်သူတွေပါ။ System Administration, web design ပြီးတော့ PC Hardware troubleshooting အစရှိတဲ့အပိုင်းတွေကိုလည်း ကျွမ်းကျင်ကြပါတယ်။ System Administrator လို့ပြောတဲ့ ဟက်ကာတယောက်က Script Programming နဲ့ Webdesign အပိုင်းတွေမှာလဲ Skill ကောင်းကောင်းရှိပါတယ်။ ဒါပေမယ့် သူတို့တွေက ယောင်ဝါးဝါးတွေတော့ မဟုတ်ကြဘူးနော်… သူတို့ အကျွမ်းကျင်ဆုံးအရာဆိုပြီးတော့ သီးသန့်လည်း ရှိပါတယ်။ ကျွန်တော်ရဲ့ ဒီဆောင်းပါးကို သင်ဖတ်ပြီးရင်သင် ကျွန်တော့်ကိုမေးခွန်းတွေ ထပ်မေးချင်မှာ သေချာသလောက်ရှိပါတယ်။ အဲဒီမေးခွန်းတွေကို တခါတည်း ကျွန်တော် ဖြေပေးလိုက်ပါမယ်။

Q: ကျွန်တော် ဟက်ကာတယောက်ဖြစ်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ ?
A: *သင် Coding တွေကို အရမ်းကိုကျွမ်းကျွမ်းကျင်ကျင်ရေးနိုင် ဖတ်နိုင် အသုံးချနိုင်နေပြီလား?
* Hacker Community ရဲ့ ရည်ရွယ်ချက်တွေနဲ့ တန်ဖိုးရှိမှုတွေကို သေချာသဘောပေါက်နားလည်လား?
* Hacker Community ထဲက Senior Member တစ်ယောက်ကသင့်ကို ဟက်ကာလို့ခေါ်လား။
ဒီသုံးခုစလုံး သင်က ဟုတ်တယ်ဆိုရင် တော့ သင်ကဟက်ကာပေါ့.. နှစ်ခုလောက်ပဲမှန်သေးရင်တော့ မဟုတ် သေးပါဘူး .. ကြိုးစားလိုက်ဦးနော်။

Q: ဘယ်လိုဟက်ကင်းလုပ်ရတယ်ဆိုတာ ကျွန်တော့်ကိုသင်ပေးမှာလား?
A: ကျွန်တော်ဒါရေးရင်ဒီလိုအပြောခံရမယ်ဆိုတာသိတယ်။ ကျွန်တော့်မှာ သင့်ကိုသင်ပေးဖို့အချိန်လည်းမရှိဘူး.. Energy တွေကိုလည်းအသုံးမချနိုင်ဘူး ကျွန်တော့်ရဲ့ ကိုယ်ပိုင် Project တွေနဲ့ကို ကျွန်တော့ ရဲ့ အချိန် 110 % လောက် ကုန်နေ ရလို့ပါဗျာ။ထားပါတော့ ကျွန်တော်ကသင်ပေးမယ်ပဲ..။ ခက်တာက Hacking ဆိုတာ ကိုယ့်ဟာကိုယ် သင်ယူရမယ့် attitude နဲ့ Skill ဖြစ်နေတာဗျ။ သင်အဲဒီလိုသာ သူများကိုသင်ပေးဖို့လိုက်ပြီးပြောနေရင် ဘယ်ဟက်ကာမှသင့်ကိုလေး စားမှာမဟုတ်ဘူး။ စိတ်မဆိုးနဲ့ ချစ်လို့ပြောတာ။ Tongue (ကျွန်တော်လည်းဟက်ကာမဟုတ်ပါ)


Q: ဒါဖြင့်ရင် ကျွန်တော်ဘယ်လိုစရမှာလဲ?
A: Linux User Group တစ်ခုခုအရင်ရှာပြီးရင်အကူအညီတောင်းအရင်ဆုံး Linux တစ်ခု install လုပ်လိုက်တာ အကောင်း ဆုံးဖြစ်မယ်ထင်တယ်။ အလွယ်ဆုံးကိုပြောကြည့်တာပါ။
Q: ကျွန်တော်စဖို့နောက်များကျနေပြီလားမသိဘူးနော် ?
A: သင်စိတ်အားထက်သန်နေတဲ့အချိန်ဆိုရင် အခုပဲစတာကောင်းပါတယ်။ လူအများစုကတော့ 15 ကနေ 20 ကြားထဲမှာ စ ကြတာပဲဗျ။ ဒါပေမယ့် မတူဘူးပေါ့တစ်ယောက်နဲ့တစ်ယောက်ကတော့။
Q: ကျွန်တော် Hack နိုင်ဖို့ဘယ်လောက်ကြာမလဲဟင်?
A: သင့်မှာ အရည်အချင်း(Talent) ဘယ်လောက်ရှိတဲ့ ဘယ်လောက်ကြိုးစားလဲဆိုတဲ့ပေါ်မှာပဲမူတည်မှာပေါ့ဗျာ။ တစ်နှစ်ခွဲ နှစ်နှစ်လောက်တစ်စိုက်မက်မက် မရပ်မနားလေ့လာရင် တော့ ဖြစ်သွားကြတာပါပဲ။ ဒီလောက်နဲ့တော့မပြီးဘူးနော် တ ကယ့် Master ဖြစ်ချင်ရင်တော့ ဆယ်နှစ်အနည်းဆုံးပဲ။ ဟက်ကာအစစ်တစ်ယောက်ဖြစ်သွားပြန်ရင်လည်း နောက်ကျ ကျန်မနေအောင်တော့ တစ်သက်လုံးလေ့လာရတော့မှာပေါ့။
Q: Visual Basic နဲ့ကျွန်တော်စလိုက်ရင်ဘယ့်နှယ့်လဲ?
A: ဒီလိုမေးရင်တော့ သင် Microsoft Windows နဲ့နှစ်ပါးသွားချင်ပြီထင်တယ်။ ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုတော့ မဟုတ်
ဘူးနော်။ မလုပ်ပါနဲ့လားဗျာ.. ။ အဲဒါရုပ်ဆိုးလွန်းပါတယ်။ Python တို့ C တို့ ကို ကျွန်တော် recommend လုပ်ထား
တယ်လေ။ ပိုသင့်တော်လို့ပြောတာပါဗျာ။ အသေးစိတ်တော့မပြောနိုင်တော့ဘူး။
Q: ကျွန်တော် System တခုကို Crack လုပ်ချင်လို့ ကူညီပါလားဗျာ..။ ဒါမှမဟုတ်သင်ပေးပါလား ?
A: ဆိုးပါတယ်ဗျာ။ဒီ FAQ တွေကိုဖတ်ပြီးတာတောင်သင်ဒါမျိုးမေးဦးမယ်ဆိုရင် သင်ဟာ educable မဖြစ်သေးဘူး တော်တော်လေးကို stupid ဖြစ်တာပဲဗျာ။ ဒါမျိုးကို Email နဲ့ မေးရင်လည်း ကျွန်တော်လျှစ်လျှူရှုထားမှာပဲ။
Q: ကျွန်တော်တခြားသူရဲ့ Gmail အကောင့်ရဲ့ password ဖြစ်ဖြစ်ပေါ့… အဲဒါဘယ်လိုယူလို့ရမလဲ ?
A: ပြသနာပဲ..။ အဲဒါ Cracking လို့ခေါ်တယ်ဗျ..။ အဲဒါမျိုးအားမပေးပါ။
Q: ကျွန်တော် Cracked လုပ်ခံလိုက်ရတယ်ဗျာ.. ။ ကူညီပေးပါ။
A: ဒါမျိုးမေးရင် သင်သုံးတာ Microsoft Windows ဖြစ်မယ်ထင်တယ်။ Windows System က ပုံမှန်အားဖြင့် Crack လုပ်တာကို ကောင်းကောင်း မကာကွယ်နိုင်ဘူးဗျ။ အကောင်းဆုံးက Linux ဖြစ်ဖြစ် well Design ဖြစ်တာ ပြောင်း သုံးဗျာ။
Q: ကျွန်တော့် Windows မှာ ပြသနာဖြစ်နေပြီ။ ကူပါဦး?
A: ကောင်းပြီလေ။ CMD ဖွင့်ပြီး.. “format c:” လို့ရိုက်လိုက်ပါ။ မိနစ်အနည်းအငယ်အတွင်းအားလုံး အဆင်ပြေသွားလိမ့်မယ်။
Q: ဟက်ကာအစစ်တွေနဲ့ ဘယ်နားမှာတွေ့နိုင်မလဲ?
A: သင့်ပြည်တွင်းက Unix or Linux user group တွေရှာပြီး တွေ့လို့ရတယ်လေ။ IRC နဲ့ Gtalk လိုဟာမှာတော့ မတွေ့နိုင်လောက်ဘူးနော်..။
Q: ဟက်ကာဖြစ်ဖို့ Maths ကောင်းစရာလိုလားမသိဘူး?
A: ကောင်းစရာတော့မလိုပါဘူး..။ trigo တို့ calculus တို့မလိုလောက်ပါဘူး.. (ချွင်းချက်ရှိနိုင်သည်) formal logic နဲ့ Boolean algebra တွေတော့လိုလိမ့်မယ်။ အဓိကက logical ကျကျတွေးနိုင်ရမယ်။ reasoning ကောင်းရမယ်။ intelligence ရှိရမယ်။
Q: ကျွန်တော် စလုပ်ချင်နေပါပြီ..။ စလုပ်ဖို့ တခုခုပေးပါ။
A: သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ Talent ကိုမသိပဲကျွန်တော်ဘာမှလုပ်ပေးလို့မရပါဘူး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကိုယ့်အားကိုယ်ကိုးရမယ် သူများချပေးတဲ့လမ်းကြောင်းကိုလျှောက်ရင် အောင်မြင်မှုနဲ့ဝေးသွားမှာပေါ့ဗျာ။
Q: Mircrosoft ကိုမုန်းသင့်သလား?
A: Mircrosoft ကမုန်းစရာလားဗျာ။မုန်းမယ့်အစား ကိုယ်လုပ်စရာရှိတာသာလုပ်။
Q: Open Source ကြီးပဲရေးတော့ Programmer တွေရပ်တည်မှုအတွက် အဆင်ပြေပါ့မလား။?
A: မဟုတ်သေးဘူးဗျ။ Open Source Software Industry ရှိလာတဲ့အတွက် အလုပ်တွေပိုတိုးလာတာပဲ ရှိမယ်။ လျှော့မသွားဘူးလေဗျာ။ သူ့ဘာသူ open source ပဲဖြစ်ဖြစ် ရေးတဲ့သူက ပိုက်ဆံရမှာပဲလေ။ free software တွေဘယ်လောက်ပဲများများ သင်ပိုက်ဆံရမယ့်နည်းလမ်းရှိကိုရှိနေဦးမှာပါ။ သိပ်စိတ်ပူစရာမရှိပါဘူး။

ဝန်ခံချက်: Eric Steven Raymond ရေးသားသည့် How To Become A Hacker ကို အဓိကကိုးကား ရေးသားပါသည်။
အရေးအသားမကောင်းပါက ကျွန်တော်ညံ့သောကြောင့်ဖြစ်ပြီး.. ကောင်းပါက မူရင်းစာရေးဆရာ တော်သောကြောင့်သာဖြစ်ပါကြောင်း.. မူရင်းဆောင်းပါးကိုသွားဖတ်ဖို့လည်း တိုက်တွန်းပါတယ်ခင်ဗျာ။ Link:
Code:

http://www.donkboy.com/pages/hacker-howto.html

Soruce; ငြိမ်းချမ်းလင်း ဘာသာပြန်ထားသည်ကို ကူးယူဖော်ပြသည်။

ဘလော့ဂ် ထိပ်ဆုံးက navbar ဖျောက်ခြင်း

Blogspot အသုံးပြုသူတိုင်း မိမိဘလော့ဂ်ရဲ့ ထိပ်ဆုံးမှာ ဘလော့ဂ်တွေကို ရှာဖွေလို့ရတဲ့ Search Box တစ်ခုနဲ့ အတူ မိမိရဲ့ Gmail Address ကိုပါအမြဲဖော်ပြနေတဲ့ Navigation Bar တစ်ခုကို သတိပြုမိကြမှာပါ။ တစ်ချို့ ကအဲဒီဘားကို ကြိုက်တာရှိသလို တစ်ချို့ကလည်း မကြိုက်တာတွေရှိကြပါတယ်။ အဲဒီ navbar ကလည်း တစ်ချို့သော Blogger Template တွေမှာ ပါသလို တစ်ချို့သော Template တွေမှာ မပါပါဘူး။ သေချာတာက တော့ Blogger.com ရဲ့ မူရင်း Template အားလုံးလိုလိုမှာ ပါပါတယ်။နောက် များသောအားဖြင့် ဘလော့ဂ္ဂါတွေ တော်တော်များများကလည်း အဲဒီ Navigation Bar ကို မိမိနည်း ၊ မိမိဟန်နဲ့ ဖျောက်ပြီးအသုံးပြုနေကြတာ အစဉ် အလာတစ်ခုလိုဖြစ်နေပါပြီ။

ဒီနေရာမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခုကတော့ အဲဒီလို Navigation Bar ဖျောက်သုံးခြင်းဟာ Google ရဲ့ Terms of Service တွေ ၊ Privacy Polcy တွေနဲ့ညီ မညီဆိုတာပါပဲ။ဒါနဲ့ပတ်သက်ပြီး လေ့လာကြည့်မိတဲ့ အချိန်မှာ Blogger ရဲ့ TOS စာမျက်နှာ မှာမည်သည့် ရည်ညွှန်းချက်မှ မတွေ့မိသလို Blogger Support Group ရဲ့ ဆွေးနွေးခန်း မှာ ဆိုရင်လည်း Navigation Bar နဲ့ ပတ်သက်တဲ့ မေးခွန်းတိုင်းကို အမြဲတစေ ငြင်းပယ်လေ့ ရှိတာကိုတွေ့ရပါတယ်။

powered by IIFH